မေးလေ့ရှိတာများ

သိချင်တာတွေကို ဒီမှာကြည့်ပါ

Credit ဘယ်လိုသုံးလဲ၊ ဘယ် Package ရွေးမလဲ၊ AI Lab ကို ဘယ်လိုစသုံးမလဲဆိုတာ ဒီမှာ တစ်ခါတည်းကြည့်နိုင်ပါတယ်။

AI Lab က ဘာလုပ်ပေးနိုင်လဲ။

Post ရေးတာ၊ ပုံဖန်တီးတာ၊ Marketing စီစဉ်တာ၊ Customer ပြန်စာရေးတာလို နေ့စဉ်အလုပ်တွေကို တစ်နေရာတည်းမှာ ပိုမြန်အောင်လုပ်နိုင်ပါတယ်။

Credit ကို ဘယ်လိုတွက်သလဲ။

AI နဲ့ အလုပ်ဖန်တီးတဲ့အခါ သုံးတဲ့ပမာဏအလိုက် Credit ဖြတ်ပါတယ်။ မဖန်တီးရင် Credit မကုန်ပါဘူး။ ကိုယ်သုံးမယ့်ပမာဏနဲ့ ကိုက်တဲ့ Package ကို ရွေးနိုင်ပါတယ်။

ဖုန်းနဲ့ သုံးလို့ရလား။

ရပါတယ်။ အဓိကအလုပ်တွေကို ဖုန်းကနေ သုံးနိုင်ပါတယ်။ ပုံနဲ့ Workspace အလုပ်ကြီးတွေကတော့ Desktop မှာ ပိုအဆင်ပြေပါတယ်။

ဘယ် AI တွေကို သုံးလို့ရလဲ။

အလုပ်အမျိုးအစားအလိုက် OpenAI၊ Google၊ Anthropic၊ DeepSeek၊ xAI စတဲ့ AI မော်ဒယ်တွေကို AI Lab က တစ်နေရာတည်းကနေ အသုံးပြုနိုင်အောင် စုစည်းပေးထားပါတယ်။

ဘယ် Package ကို ရွေးသင့်လဲ။

စသုံးမယ်ဆိုရင် စတင်သုံး Package၊ Content နဲ့ Marketing ကို ပုံမှန်လုပ်ရင် လူကြိုက်များ Package၊ နေ့တိုင်းအလုပ်များများလုပ်ရင် လုပ်ငန်းသုံး သို့မဟုတ် အမြင့်ဆုံး Package ကို ရွေးနိုင်ပါတယ်။